Main menu

ဈေးငြိမ်နေသောလက်ပံတန်းမြို့ဂျင်းနှင့် ကြက်သွန်ဖြူဈေးကွက်အခြေအနေ

Powered by Drupal

            ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသောဂျင်း  ဈေးနှုန်းများမှာ ဇွန်လပထမပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင် ၈၀၀/ကျပ်ရှိခဲ့ပြီး ယခုဇွန်လ ဒုတိယပတ်တွင်လည်း ၈၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ ဈေးငြိမ်နေပါသည်။

           ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇွန်လပထမပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၆၀၀/ကျပ်၊ဒုတိယပတ်ထိ ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ်နေပါသည်။

            ကြက်သွန်ဖြူ(ရှမ်းစ) ဇွန်လပထမပတ်တွင် ၁၀ ကျပ်သားလျှင် ၈၀၀/၁၀၀၀/ကျပ် ပေါက် ဈေးရှိနေပြီး ဇွန်ဒုတိယပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ်နေပါသည်။ မတ်လ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင်၂၀၀၀/၂၅၀၀/ကျပ်  ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ဂျင်း၊ ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)