
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ မေလဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀/ ၂၅၀၀/ ၃၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီး မေလနောက်ဆုံး ပတ်ထိ ဈေးနှုန်း ထူးထူးခြား ပြောင်းလဲမှု့မရှိဘဲ ယခုဇွန်လဒုတိယပတ်ထိ ဈေးနှုန်း တည်ငြိမ်နေပါသည်။ ကြက်သွန်နီ ဈေးနှုန်းများမှာ မေလနောက်ဆုံးပတ်မှ ယခုဇွန်လ ဒုတိယပတ် အတွင်း ဈေးအေး နေပါသည်။
အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် မေလဒုတိယပတ်တွင် အာလူးဈေးနှုန်းမှာ(၄၀၀၀/၅၀၀၀) ကျပ်ဈေးရှိနေခဲ့ပါသည်။ဇွန်လဒုတိယပတ်ထိ အာလူး(၁) ပိဿာလျှင် (၄၀၀၀/၅၀၀၀) ကျပ်ဈေးတို့ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ဇွန်လပထမပတ် ဒုတိယ ပတ်အတွင်းကြက်သွန်နီနှင့် အာလူးဈေးနှုန်းတို့ ပြောင်းလဲမှုမရှိဘဲဈေးငြိမ်နေကြောင်း သိရှိရပါသည်။