
ချဉ်ပေါင်ရွက်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် စိုက်ပျိုးကြကြောင်း၊ ၎င်းကို မိုးရာသီဖြစ်သော (ဇွန်-ဩဂုတ်)နှင့် ဆောင်းရာသီ (စက်တင်ဘာ-ဖေဖော်ဝါရီ) လတို့တွင် အဓိကစိုက်ပျိုးနိုင်ကြောင်း၊ ရေစီးရေလာကောင်းပြီး သဘာဝမြေဩဇာကြွယ်ဝတဲ့ မြေနုမှာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်မှ ၆၀ ရက်ခန့်အတွင်း ခူးဆွတ်စား သုံးကြကြောင်းသိရှိရသည်။
မြင်းခြံမြို့ရှိကုန်စိမ်းဈေးဖြစ်သော အေးမြသီတာဈေးတွင်ရောင်းချနေသော ချဉ်ပေါင်ရွက် ဈေးများအနေဖြင့် ဇွန်လဒုတိယပတ်တွင် (၁၀)စည်းလျှင်(၁၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း၊ ယခင်လဖြစ်သော မေလ ဒုတိယပတ်တွင် ချည်ပေါင်ရွက် (၁၀)စည်းလျှင် (၂၀၀၀) ကျပ်ပေါက်ဈေး များရှိခဲ့ကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခုလတွင် ချဉ်ပေါင်ရွက်(၁၀)စည်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းခဲ့ကြောင်းသိရှိရသည်။ ယခုမိုးရာသီကာလတွင် ချဉ်ပေါင်ရွက်နုများ ရာသီချိန် ထွက်ပေါ်ကာလဖြစ် သောကြောင့် ဈေးကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ချဉ်ပေါင်ရွက်သည် အမျှင်ဓာတ် ကြွယ်ဝသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုကြောင်း၊ ဗီတာမင်ကေနှင့် ကယ်လ်စီယမ်တို့ ပါဝင်သောကြောင့် အရိုးပွရောဂါကို ကာကွယ်ပေးကြောင်း သိရှိရသည်။ နေ့စဉ်စားသုံးများသည့် ချဉ်ပေါင်ရွက်ကို သုပ်စားခြင်း၊ ချဉ်ရည်ချက်စားခြင်း၊ ချဉ်ပေါင် ရွက်နှင့် ပုစွန်အစပ်ကြော်၊ ချဉ်ပေါင်ရွက်နှင့် မျှစ်အစပ်ကြော်များသည် မြန်မာ့ဟင်းလျာများတွင် လူကြိုက်များပြီး ချက်ပြုတ်စားသုံးကြသောကြောင့် ချဉ်ပေါင်ရွက်ဈေးကွက်သည် တွင်ကျယ်စွာ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)