
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် (၉.၆.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ညောင်ဦးမြို့ပေါ်ရှိ ဆုံကုန်းရပ်ရှိ စွန်မင်း၊ KKO ကုန်မျိုးစုံအရောင်းဆိုင်အား အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ရောင်းချမှုကို ကွင်းဆင်းစစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ရောင်းချ သောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ကုန်စည်များသာ ရောင်းချစေရေး၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ခေါက် ဆွဲခြောက်အထုပ်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ် နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)