
ကော့သောင်းခရိုင် ကော့သောင်းမြို့သည် ပင်လယ်ရေလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပင်လယ်ရေထွက်ပစ္စည်းများဖြစ်သည့် ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထုတ်လုပ်ရောင်းချလျက်ရှိရာ ပုစွန်ခြောက်လုပ်ငန်းသည် အရွယ်အစား ဆိုဒ်ပေါ်မူတည်၍ စျေးနှုန်း ကွာခြားလျက်ရှိပါသည်။
ပင်လယ်ပုစွန်ခြောက်ကို လူတိုင်းကြိုက်ကြသည့် အစားစာတမျိုးဖြစ်ပြီး လက်ဖက်သုပ်၊ ပုစွန်ခြောက် ငံပြာရည်ကြော်၊ ငပိကြော်၊ ငပိထောင်း၊ အသုပ်မျိုးစုံတွင် အမျိူးမျိူး သုံးစွဲကြပါသည်။
၂၀၂၅ ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း စျေးများတွင် ရောင်းချလျက်ရှိသော ပင်လယ် ပုစွန်ခြောက်စျေးနှုန်းမှာ ဆိုဒ်အသေးဆိုဒ်တစ်ပိဿာလျှင်(၁၃၀၀၀၀ိ/-)ကျပ်၊ အလတ်ဆိုဒ် တစ်ပိဿာလျှင်(၁၅၀၀၀၀ိ/-)၊ အကြီးဆိုဒ် တစ်ပိဿာလျှင်(၁၈၀၀၀၀ိ/-)ကျပ် စျေးနှုန်းများ ဖြင့် ရောင်းချလျက်ရှိကြောင်း ပင်လယ်ရေထွက်ပစ္စည်းရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)