
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်ခရိုင် ကော့သောင်းမြို့ ကျေးရွာများတွင် ဒူးရင်းသီးအပင်ကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ဒူးရင်းပင်သည် နှစ်ရှည်ပင် တစ်မျိူးဖြစ်ပြီး (၇)နှစ် သားအရွယ်မှစ၍ အသီးစတင်ထွက်ရှိရာ တစ်ပင်လျှင် အလုံးရေ(၁၀၀) ကျော်ခန့်ထွက်ရှိပါသည်။ ဒူးရင်းသီး အမျိူးအစားမှာ ကိုင်းဆက်သီး (ချန်နီသီး )သည် တစ်ကီလိုလျှင် ၂၀၀၀၀-၂၅၀၀၀ ကျပ်၊ ဒူးရင်းသီး(အရိုင်းသီး) တစ်ကီလိုလျှင် ၄၀၀၀- ၅၀၀၀ ကျပ်ထိ စျေးကောင်းရရှိ ပြီး တစ်လုံးလျှင် (၂)ကီလို၊ (၅)ကီလို အရွယ်ထွက်ရှိ၍ ဒူးရင်းပင် အရိုင်းတစ်ပင်လျှင် (၁၅)သိန်းခန့် ဝင်ငွေရရှိပြီး၊ ကိုင်းဆက်သီး(ချန်နီသီး)တစ်ပင်လျှင် (၆၀)သိန်း ခန့်ဝင်ငွေရရှိပါသည်။
ယခုနှစ်တွင် ဒူးရင်းသီး လှိုင်လှိုင်ထွက်ရှိပြီး အရောင်းအဝယ်ကောင်းလျက်ရှိ၍ ဒူးရင်းသီး စိုက်ပျိုးသူများအတွက် ဝင်ငွေတိုးသည့် သီးပင်တစ်မျိုးဖြစ်ပါသည်။
DOCA(တနင်္သာရီ)