Main menu

ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ငါးကြင်း ဈေးနှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင် (၁)ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း နှင့် ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသော ငါးမျိုးဖြစ်ကြောင်း၊ ငါးမြင်းခုတ်သား(၁)ပိဿာလျှင် (၂၄၅၀၀)ကျပ်၊ ငါးမြင်းအကောင်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ တီလားဗီးယား ငါးအကြီး (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ တီလားဗီးယားငါးအသေး(၁) ပိဿာလျှင် (၁၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊   ငါးစားသုံးခြင်းဖြင့် လူ့ ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရ ဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများကြောင်း၊  ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)