
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ / မရှိ၊ မြေပြင်လက်ကျန်အခြေအနေများ၊ စျေးနှုန်းစျေးကွက်အား ကွင်းဆင်းစုံစမ်းရာတွင် မြေပြင်တွင် ပစ္စည်းပြတ်လပ်မှု မရှိပါကြောင်း၊ပစ္စည်းများ လုံလောက်မှုရှိပါကြောင်း သိရှိရပါသည်။
ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင်(SCG ၅၀ ကီ လိုဂရမ်) တစ်အိတ်လျှင် (၁၉၀၀၀ိ/-)ကျပ်၊ ထိုင်းကျား(SCG ၅၀ ကီလိုဂရမ်)တစ်အိတ်လျှင်(၁၆ ၅၀၀ိ/-)ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် ဇွန်လ ဒုတိယအပတ်တွင် ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းဆင်(SCG ၅၀ ကီလိုဂရမ်) တစ်အိတ်လျှင် (၂၀၃၀၀ိ/-)ကျပ်၊ ထိုင်းကျား(SCG ၅၀ ကီလိုဂရမ်)တစ်အိတ်လျှင်(၁၇၇၀၀ိ/-)ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါ က စျေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)