Main menu

ကန့်ဘလူမြို့နယ်၏ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်ဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက် ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း မုန်လာထုပ်(၁)ထုပ်လျှင် (၂၅၀၀)ကျပ်၊ အကြီး(၁) ထုပ်လျှင်(၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇွန်လ တတိယပတ်အတွင်း ပန်းမုံလာတစ်ပွင့်လျှင် (၂၅၀၀မှ ၂၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခုပတ်အတွင်း မုန်လာထုပ်နှင့် ပန်းမုံလာပွင့် များကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)