
ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား (၉)ပေနှင့် အနံ(၃)ပေကို(၅၀၀၀၀)ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရှိရသည်။
ကောက်ရိုးမှိုသည် စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၈-၁၀)ပိဿာထိရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မ ဈေးတွင် ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး (၁၄၅၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက် သင့်သည့် အကျိုးအမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိ သည်။
DOCA(စစ်ကိုင်း)