Main menu

ပေါ်ဦးပေါ်စ ရာသီစာ နာနတ်သီးများ ဈေးကောင်းရရှိ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်ကျေးရွာများမှ ထွက်ရှိသည့် ရာသီစာ နာနတ်သီးများသည် နှစ်စဉ်ဈေးကောင်းရရှိကာ နာနတ်သီးစိုက်ခင်းပိုင်ရှင်များအနေဖြင့် မိသားစုဝင်ငွေ ရရှိသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။

   နာနတ်သီးများကို ခမ်းပတ်မြို့၊ အမှတ် ( ၁ ) ရပ်ကွက်နှင့် အမှတ် ( ၄ ) ရပ်ကွက်တွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး စော်ဘွားရေရှင်ကျေးရွာတွင်လည်း တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာသည်ဟု သိရှိရပါသည်။ ယခုအခါတွင် ယခင်နှစ်များကထက် နာနတ်သီးအလုံးပိုလှပြီး ဈေးနှုန်းများလည်း ပိုမိုရရှိသည်ဟု သိရှိရပါသည်။

   ၎င်းမြို့များမှထွက်ရှိသော နာနတ်သီးများကို ကလေးမြို့နှင့် တမူးမြို့များသို့ တင်ပို့ရောင်းချပါ ကြောင်း သိရှိရပြီး ခမ်းပတ်မှ ထွက်ရှိသည့် နာနတ်သီးထက် စော်ဘွားရေရှင်မှ ထွက်ရှိသော နာနတ်သီးသည် အရည်ပိုရွှန်းပြီး ကလေးမြို့ပေါ်ပေါက်ဈေးနှုန်းများအနေဖြင့် ခမ်းပတ်မှ ထွက်ရှိသော နာနတ်သီးတစ်လုံးလျင် ( ၅၀၀၀ ) ကျပ်၊ စော်ဘွားရေရှင်မှ ထွက်ရှိသော နာနတ်သီးတစ်လုံးလျင် ( ၆၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချလျက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)