Main menu

ပေါ်ဦးပေါ်ဖျား ရာသီစာ မျှစ်စိမ်း ဈေးကောင်းရ

Powered by Drupal

     ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် အခြားမြို့များသို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ရွှေဘိုမြို့ ဒေသတွင်းတွင် ရာသီစာ မျှစ်စိမ်းများ စတင်ပေါ်ချိန်ဖြစ်၍ လက်ကား တစ်ပိဿာလျင် (၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျင် (၁၂၀၀၀)ကျပ်ဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေပြီး၊  ထိုမျှစ်စိမ်းများကို ဈေးအတွင်း လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်းလှည့်လည်ရောင်းချသော ဈေးသည်များ နှင့်  ရွှေဘိုမြို့ပေါ်ရှိထမင်းဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း  အောင်ဇေယျဈေး အတွင်းရှိ သီးနှံလက်ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)