Main menu

ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းရနေသော တောင်ပို့မှို

Powered by Drupal

  တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့ရှိရာ မြေအောက်ခြကောင်ရှိသော နေရာများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းသည်နှင့် ပေါက်ရောက်တပ်ပါသည်။ တောင်ပို့မှိုသည် ဈေးကောင်းရသော အစား အစာတစ်မျိုးဖြစ်ကြောင်း၊ တောင်ပို့မှိုကိုတွေ့လျှင် တူရွင်း၊ ပေါက်ပြားများဖြင့် တူးယူခြင်းမပြုပဲ လက်ဖြင့်မှိုများအား နုတ်ယူပါက နောင်နှစ်များတွင်လည်း ၎င်းနေရာ၌ တောင်ပို့မှိုများ ပြန်လည် ထွက်လာကြောင်း၊ ရှေးလူကြီးများ၏ ပြောစကားများတွင် လေ့လာမှတ်သား သိရှိရပါသည်။

   ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှို စသောမှိုများနည်းတူ သဘာဝတောင်ပို့မှိုများ ရောင်းချလျက်ရှိကြောင်း၊ တောင်ပို့မှိုသည် ရာသီဥတု အချိန်အခါနှင့် ပေါက်ရောက်သည့်အတွက် ရှားပါး၍ ဈေးကောင်းရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်းတောင်ပို့မှို(၁၀)ဖူးပါတစ်စည်းလျှင် (၃၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင်(၃၅၀၀၀ မှ ၄၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ တောင်ပို့မှိုသည် မိုးဦးကာလတွင် သဘာဝ အတိုင်းထွက်ရှိလာသောမှိုဖြစ်၍ ကျေးလက်နေပြည်သူများ အရင်းမစိုက်ရပဲ မိသားစုဝင်ငွေရရှိ နေကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)