
စတော်ဘယ်ရီသီးများကို ယခင်က တောင်ပေါ်ဒေသတွင် စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် တောင်ပေါ်၊ မြေပြန့်နေရာဒေသအသီးသီးတွင် စိုက်ပျိုးလာကြကြောင်း၊ တောင်ပေါ်ဒေသဖြစ်သည့် ပြင်ဦးလွင်မြို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိူးလာကြကြောင်း သိရပါသည်။ ယခုရာသီချိန်တွင် စတော်ဘယ်ရီသီးများထွက်ပေါ်လာပြီဖြစ်၍ စျေးကွက်အတွင်းရောင်းအား ကောင်းနေကြောင်း၊ ရန်ကုန်စျေးကွက်မှရောက်ရှိလာသော စတော်ဘယ်ရီသီးများကို ထားဝယ်မြို့ရှိ သစ်သီးဆိုင်များမှ ဘူးအကြီး(၁)ဘူးလျှင် ၄၀၀၀ကျပ် နှင့် ဘူးအသေး(၁)ဘူးလျှင် ၂၅၀၀ကျပ်စျေးဖြင့် ရောင်းချနေကြကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)