
ထားဝယ်မြို့တွင် ဟင်းသီးဟင်းရွက်များအား အများအပြားစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့်အပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပါသည်။
ဥစားကြက်များမွေးမြူရာတွင်လည်း ကြက်ကောင်ရေအများအပြားဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူကြပြီး အကောင်ရေအားဖြင့် (၅၀၀၀) ခန့် တွင်ကျယ်စွာ မွေးမြူကြပါသည်။ မွေးမြူရေးလုပ်ငန်းများ တွင်ကျယ်သဖြင့် ကြက်ဥစျေးနှုန်းများမှာလည်း ရောင်းအားအလွန်ကောင်းလျက်ရှိပါသည်။ ယခုလ စျေးနှုန်းများအရလည်း ကြက်ဥအကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အသေး(၄၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)