
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အဲမျိုးစုံရောင်းချသူများရှိပြီး ပဲမျိုးစုံကို ရောင်းချရာတွင် ၁ပိဿာဈေးနှုန်း ၁ပြည်ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိသည်။ ရောင်းချနေသော ပဲမျိုးစုံမှာ မြေပဲ၊ ကုလားပဲစံ၊ စံတော်ပဲ၊ ပဲနီပြားအကြီး၊ ပဲထောပတ်အဖြူပြား၊ ဘိုကိတ်ဖြူ၊ ဘိုကိတ်အနက် စသည်တို့ကို ရောင်းချပြီး ရန်ကုန် ပွဲရုံများမှ မှာယူရောင်းချကြောင်း သိရသည်။
ဇွန်လအတွင်း ရောင်းချသော မြေပဲ ၁ပိဿာ ၁၁၀၀၀ကျပ်၊ ကုလားပဲစံ ၁ပိဿာ ၆၃၀၀ကျပ်၊ စံတော်ပဲ ၁ပြည် ၁၀၀၀၀ကျပ်၊ ပဲနီမပြားအကြီး ၁ပြည် ၉၀၀၀ကျပ်၊ ပဲထောပတ်ဖြူပြား ၁ပြည် ၈၅၀၀ကျပ်၊ ဘိုကိတ်ဖြူ ၁ပြည် ၆၀၀၀ကျပ်၊ ဘိုကိတ်နက် ၁ပြည် ၆၀၀၀ကျပ် ဖြင့် ရောင်းချကြောင်း မြင့်မိုရ်ပဲမျိုးစုံရောင်းချနေသည့် ဆိုင်မှ သိရသည်။ ၎င်းပဲများသည့် ယနေ့တွင် ဈေးကောင်းမွန်နေပြီး မိုးရာသီကာလများတွင် ပဲမျိုးစုံပိုမိုရောင်းချရကြောင်းနှင့် ပဲတစ်မျိုးလျှင် ၁၀အိတ်စီ ၁လအတွင်း ရောင်းချရကြောင်း ပဲရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)