
သနပ်ခါးဆိုလျှင် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ ခြေအဆုံး ခေါင်းအဆုံးလိမ်းသူများ များကြသည်။ သနပ်ခါးတုံးတွင် အဖြူပွေး၊ အဝါးပွေးဟူ၍ရှိပြီး နှစ်သက်ရာ အရောင်းကို ဝယ်ယူ၍ လိမ်းကြသည်။ သနပ်ခါး တုံးကို လွှဖြင့် ဖြတ်ရာမှ ကျန်ရှိသော အပယ်ခံ အတုံးများကို စက်ဖြင့် ကြိတ်၍ လက်သွေးခဲကလေးများပြုလုပ်၍လည်း ရောင်းချကြသည်။
အရွယ်ရောက်သော သနပ်ခါးပင်တစ်ပင်ဟာ အနည်းဆုံး၃၅ နှစ်ခန့်အချိန်ယူရသော်လည်း အပင်စိုက်ပြီး ၃ နှစ်မှ ၇ နှစ်သက်တမ်းရှိလျှင် ဈေးကွက်ထဲသို့ရောင်းချနိုင်ကြောင်း သနပ်ခါးရောင်းချ သူများထံမှ သိရသည်။ သနပ်ခါးကို အလှအပခြယ်မှုန်းရာတွင် ရိုးရာအလှပြင်ပစ္စည်းအဖြစ်သာမက တစ်ခါတစ်ရံတွင်လည်း ဒဏ်ရာအနာတရများနှင့် တင်းတိပ်ဝက်ခြံများပျောက်ကင်းအောင်လည်း အသုံးပြုကြကြောင်း သိရသည်။
သနပ်ခါးတုံးဈေးနှုန်းအနေဖြင့် သနပ်ခါးတုံး အသေး၁တုံးလျှင် ၂၅၀၀ကျပ်၊ အပွေးကောင်း အတုံးကြီး ၁တုံးလျှင် ၇၀၀၀-၈၀၀၀ကျပ်၊ လက်ဆုပ်သနပ်ခါးခဲ ၁၀ခုလျှင် ၁၅၀၀ကျပ်၊ လက်ဆုပ်ခဲကြီး ၁တုံးလျှင် ၅၀၀-၇၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သနပ်ခါးများကို အညာဒေသဘက်သို့ ကိုယ်တိုင်သွားရောက်၍ ဝယ်ယူပြီး ပြန်လည်ရောင်းချနေ ကြောင်း သိရသည်။
DOCA(ဧရာဝတီ)