Main menu

အထက်မင်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသောကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၉)ဆိုင် ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရ သည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်းရွက် အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၃၀၀၀-၅၀၀၀-၆၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၂၃၂၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၂၄၈၀၀)၊ ကွမ်းစားထုံး(၁)လီတာ(၁)ဘူးလျှင် ကျပ်(၁၈၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး(၁)ထုပ်လျှင် ကျပ်(၇၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်မေလ (ဒုတိယပတ်) နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၁၀၀၀-၂၀၀၀-၄၀၀၀) ဈေးနှုန်း ကျဆင်းခဲ့ပြီး ကွမ်းသီးခြမ်းနှင့်ကွမ်းသီးစိပ်မှာ ကျပ်(၅၀၀-၁၂၀၀)ထိ ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း၊ ကွမ်းရွက် များလှိုင်လှိုင်ခူးဆွတ်နေရချိန်ဖြစ်၍ ကွမ်းရွက်ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ပြီး   ကွမ်းသီးမှာ ပြည်ပသို့ ကွမ်းသီးနုတင်ပို့မှုများလာသည့်အတွက် ကွမ်းသီးခြောက်ရှားပါးလာခြင်းနှင့် မိုးတွင်း ကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် သယ်ယူစရိတ်အနည်းငယ် မြင့်မားလာသည့်အတွက် ဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း  အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက် ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)