
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေးမြို့၊ မင်းဘူးမြို့တို့ရှိပွဲရုံများမှ မှာယူရောင်းချသည့်အပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေး)အလိုက် ကျပ်(၅၅၀၀-၆၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မေလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၄၃၀၀-၄၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၂၀၀-၁၅၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် မိုးတွင်းကာလဖြစ်၍ အာလူး စိုက်ပျိုးရာဒေသများ၌ အာလူးအထွက်နှုန်းများမရှိတော့သည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သယ်ယူစရိတ်မြင့်တက်လာသည့်အတွက် အာလူးဈေးနှုန်းမှာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)