Main menu

ရွှေပဲသီးဈေးနှုန်းစျေးကွက်

Powered by Drupal

              ဇွန်လဒုတိယပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးဝင်ရောက်မှုလျော့နည်း လျက်ရှိပါတယ်။ မန္တလေးမြို့ ၄၁လမ်းဈေးနှင့် သီရိမာလာဈေးတို့တွင် မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ရွှေပဲသီးသီးနှံများ ဝင်ရောက်ကြောင်း သိရ ပါတယ်။ ၂၀၂၅ ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာ လျှင် လက္ကားစျေး  ၆၅၀၀ ကျပ်နှင့် ၆၇၀၀ ကျပ်၊ လက်လီစျေး ၇၅၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ဝင်ရောက်မှုလျော့နည်းသော်လည်း အရောင်းသွက်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

DOCA(မန္တလေး)