Main menu

အရောင်းသွက်သည့်နှမ်းစျေးကွက်

Powered by Drupal

            ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီး၊  မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိသည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီတင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လ ဒုတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဗမာ)၃၀၀၀၀ဝ ကျပ်နှင့် ၃၂၀၀၀ဝ ကျပ်၊ နှမ်းညို ၃၁၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊ပန်းနှမ်း ၂၈၂၀၀ဝကျပ်နှင့် ၂၈၃၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၇၁၁၁ ကျပ်၊နှမ်းညို ၆၈၈၉ ကျပ်နှင့်၇၁၁၁ကျပ်၊ပန်းနှမ်း ၆၂၆၇ကျပ်နှင့်၆၂၈၉ ကျပ်၊ နှမ်းဖတ်စျေးမှာ ၄၁၀၀ ကျပ်နှင့် ၄၂၀၀ ကျပ်စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူပေါက်စျေးမှာတစ်ပိဿာလျှင် နှမ်းဖြူ(ဗမာ) ၈၆၆၇ ကျပ်နှင့် ၈၈၈၉ ကျပ်၊ နှမ်းညို  ၇၆၆၇ကျပ်နှင့် ၇၇၇၈ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)