
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်းနှင့် အထွက် (၁၃၂၇၀၉) တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၇၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၅၈၃ ကျပ်ဖြစ်ပြီး ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ ၅၀၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါကမတ်ပဲစျေးမှာ အနည်းငယ်လျော့သွားကြောင်း သိရပါသည်။ မတ်ပဲ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရ ပါသည်။
DOCA(မန္တလေး)