
ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုး မှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါသည်။ စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်း ဒေသကြီးတို့မှဝင်ရောက်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန် တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲကြီး (ကြီး) ၃၂၅၀၀၀ ကျပ် နှင့်၃၃၀၀၀၀ ကျပ်၊ ပဲကြီး(လတ်) ၃၀၀၀၀၀ကျပ် နှင့် ၃၁၅၀၀၀ ကျပ်၊ ပဲကြီး(သေး) ၂၆၀၀၀၀ကျပ်နှင့် ၂၇၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၈၈၂ကျပ် နှင့် ၅၉၇၃ကျပ်၊ ပဲကြီး (လတ်)၅၄၃၀ ကျပ်နှင့် ၅၇၆၁ကျပ်၊ ပဲကြီး(သေး) ၄၇၀၆ကျပ် နှင့်၄၈၈၇ကျပ် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ကျပ်နှင့် ၅၀၆၈ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ ကျပ် နှင့် ၄၆၁၅ ကျပ်၊ပဲကြီး(သေး)၃၈၀၁ ကျပ်နှင့် ၄၁၆၃ ကျပ်တို့ ဖြစ် ပေါ် ခဲ့ကြောင်းသိရပါသည်။ ယခုစျေးနှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါ သည်။
DOCA(မန္တလေး)