Main menu

သွေးတိုးရောဂါကိုလျော့ချပေးသော ဖူးစားပြောင်းဈေးကွက်

Powered by Drupal

            ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော ကောက်နှံတစ်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ယခုဇွန်လ တတိယပတ်တွင် ရောင်းချနေသော ပြောင်းဖူးတစ်ဖူးလျှင်လက်လီဈေး (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်မေလတွင် ရောင်းချခဲ့သော ပြောင်းဖူး တစ်ဖူးလျှင် လက်လီဈေး(၄၀၀-၅၀၀)ကျပ် ပေါက်ဈှေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပြောင်းဖူးတစ်ဖူးလျှင်(၁၀၀)ကျပ်ခန့် ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ပြောင်းဖူးထွက်ပေါ်ချိန် ကုန်ဆုံးခါနီးပြီ ဖြစ်သောကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စားသုံမှုများ၍အရောင်းအဝယ် လည်းဖြစ်လျက်ရှိ ကြောင်း၊ လက်ကားဈေးအနေဖြင့်  ပြောင်းဖူးအရေအတွက် (၃၀-၅၀) ဖူးမှစ၍ဝယ်ယူပါက ဈေး အနည်းငယ်ကွာခြားကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဈေးကွက် ဝင်ရောက်မှုအနေဖြင့်  ဒေသတွင်းကျေးရွာများဖြစ်သော လေးအိမ်တန်း၊ လှိုင်းတက်၊ ဘောလုံး၊ နဘူးအိုင်နှင့် ဒါးကျွန်းကျေးရွာများမှ မြို့နယ်အတွင်းသို့ လာရောက်ရောင်းချကြောင်း သိရှိရသည်။ ပြောင်းဖူး(ဆောင်း)ကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်း ထွက်ပေါ် ကြောင်း၊  နေရောင်ခြည်အလုံအလောက်ရရှိ၍ မြေဆီလွှာထူပြီး ရေစီးရေလာကောင်းသော နုန်းမြေများ တွင် အထွက်နှုန်းကောင်း ကြောင်းသိရှိရသည်။ ကျန်းမာရေး အကျိုးကျေးဇူးအနေဖြင့် အမျှင်ဓာတ်နှင့်ပိုတက်ဆီယမ်တို့ ပါဝင်သောကြောင့် သွေးတိုးနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း၊ အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း သိရှိရသည်။ ပြောင်းဖူးသည် စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ်များစွာ ပါဝင်သော အစားအစာဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးပါက ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)