Main menu

မြင်းခြံမြို့၏ စက်သုံးဆီဈေုးနှုန်း ပြောင်းလဲမှုအခြေအနေ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့် ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန် လျက်ရှိကြောင်း  သိရှိရသည်။

             မြင်းခြံမြို့၏ စက်သုံးဆီအရောင်းဆိုင်များမှာ နေ့စဉ်ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ ယခုလ ဇွန်လ ဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများမှာ 92 Octance ဓါတ်ဆီ (၂၉၆၀ )ကျပ်၊ 95 Octance ဓါတ်ဆီ(၃၀၃၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၅) ကျပ်ဖြစ်ကြောင်း သိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခင်လ မေလဒုတိယပတ်တွင် စက်သုံးဆီတစ်လီတာဈေး များမှာ 92 Octance ဓါတ်ဆီ (၂၉၃၅)ကျပ်၊ 95 Octance ဓါတ်ဆီ (၂၉၉၅) ကျပ်၊ ရိုးရိုး ဒီဇယ်(၂၅၂၅)ကျပ်၊ အဆင့်မြင့်ဒီဇယ် (၃၀၉၅) ကျပ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ယခင်လဖြစ်သော မေလဒုတိယပတ်ထက် 92 တစ်လီတာလျှင် (၂၅)ကျပ်၊ 95တစ်လီတာလျှင်(၃၅)ကျပ်၊ ရိုးရိုးဒီဇယ်ဈေး နှုန်းပြောင်းလဲမှုမရှိဘဲ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ယခင်အပတ်ဖြစ်သော ဇွန်လပထမပတ်ထက် 92တစ်လီတာလျှင်(၃၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ 95 တစ်လီတာလျှင်(၂၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင်(၃၅)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ လျှင်(၄၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)