
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ စီမံ ကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူး ပေါင်း၍ Hand Set အမျိုးမျိုးနှင့် ဆင်းကဒ်အမျိုးမျိုး ရောင်းချမှုတို့တွင် လုံခြုံစိတ်ချရမှုရှိသော ကုန်စည် များရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဇွန်လ(၁၁)ရက် နေ့လယ် (၁၃:၀၀) နာရီတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ Hand Set အမျိုးမျိုးနှင့် ဆင်းကဒ်အမျိုးမျိုးရောင်းဝယ်ရေး အရောင်းဆိုင်အချို့သို့ ကွင်းဆင်း၍ တယ်လီဖုန်း ဆင်းကဒ်၊ Hand Set အမျိုးမျိုးတို့ကို ကုန်အမှတ်တံဆိပ်ခွဲခြား၍ ရောင်းချခြင်းမရှိရန်၊ မရောင်းပါဟုဆိုသည့်စာသားကပ်ထားခြင်းမရှိစေရန်နှင့် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်း ပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်းအမျိုးအစား၊ ထုတ်လုပ်သည့် အမှတ်စဉ်၊ ကျန်းမာရေးဘေးထွက် ဆိုးကျိုး၊(သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးကြပြီး စီးပွားရေးလုပ်ငန်း ရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာ ဆက်လက်ဖြန့်ဖြူး ရောင်းချရန်၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ ကျင့်ဝတ်စည်းကမ်းများနှင့် အညီရောင်းချရန်၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်နှင့်ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်စေရန်၊ သက်ဆိုင်ရာဌာနများမှ ပြဌာန်းထားသောဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ဖြန့်ဖြူးရောင်းချရန် အသိ ပညာပေးဆွေးနွေးကြပြီး နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု ပြီးစီးကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)