
မြင်းခြံမြို့ပေါ်ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ် ဂွေးတောက်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။ ဂွေးတောက်ရွက်ကို ကြက်ဉဖြင့်ရောကြော်၍လည်းကောင်း၊ ကြက်သားဖြင့် ဟင်းရည်ချက်၍ လည်းကောင်း ၊ ငါးပိရည် ငံပြာရည်ချက်တို့နှင့် အတို့အမြှပ်ဖြင့်လည်းကောင်း၊ ဘယာကြော်နှင့် ရောနှောချက်ပြုတ်၍လည်းကောင်းစားသုံးကြရာ လွန်စွာမှ ထမင်းမြိန်စေပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လဒုတိယပတ်တွင် အေးမြသီတာဈေးတွင်ရောင်းချနေသည့် ဂွေးတောက်ရွက် ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၁၀၀၀/၁၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း နှင့် ယခုအခါ ဂွေးတောက်ရွက်သည် အနည်းငယ်ရှားပါးလာသောကြောင့် ဈေးအနည်းငယ်မြင့်တက်လာ ကြောင်း သိရသည်။
DOCA(မန္တလေး)