Main menu

မိတ္ထီလာမြို့နယ်တွင် မိုးမြေပဲများစတင်စိုက်ပျိုး

Powered by Drupal

              မိတ္ထီလာမြို့နယ်အနေနှင့် ဆီထွက်သီးနှံများအနက် မြေပဲကိုလည်းစိုက်ပျိုးဖြစ်ထွန်းမှုရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီးအတွက် မေလကုန်အထိ (၄၃၃) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

              မိုးမြေပဲကို မေလ၊ ဇွန်လများ၌ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးပြီး သုံးလမှသုံးလခွဲအကြာ စက်တင်ဘာ၊ မောက်တိုဘာလများတွင် နှုတ်သိမ်းလေံရှိသည်။ စိုက်ပျိုုးရာတွင် အဖြူလုံးဆံကို စိုက်ပျိုးမှုများပြီး ၊ တစ်ဧကစိုက်ပျိုးရန်မျိုးစေ့ ခြောက်ပြည် စိုက်ပျိုးရသည်။ မျိုးစေ့တစ်ပိဿာလျှင် (၁၀၀၀၀) ဈေးရှိပြီး၊ မြေပြင်ရန်အတွက် ထယ်ထိုးခြင်းကို ယခုနောက်ပိုင်းစက်ထယ်ကို အသုံးပြုရာ တစ်ဧကလျှင် (၅၀၀၀၀) ကျပ် ကုန်ကျကြောင်း၊ စိုက်ကြောင်းဆွဲရန် နွားဖြင့် အသုံးပြုရာ၌ တစ်ဧက (၃၀၀၀၀) ကျပ်၊ အမှိုက်ကောက်ခြင်း၊ စိုက်ပျိုးခြင်း၊ ပေါင်းနှုတ်ခြင်း၊ သားခွဲခြင်းစသည့် လုပ်သားတစ်ဦး အတွက် လုပ်သားခမှာတစ်ရက်လျှင် (၇၀၀၀) ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်ရပါသည်။ မြေပဲစိုက်ပျိုးရန် အတွက် မြေဩဇာအသုံးပြုမှုမှာ မြေပဲဥနှုန်းကောင်းမွန်စေရန် မြေခံအနေဖြင့် ကျောက်မှုန့်ကို မြေခံ မြေဩဇာ ကွန်ပေါင်း၊ နွားချေးတို့နှင့် ရောနှော အသုံးပြုရပါသည်။

                မြေပဲနှုတ်သိမ်းချိန်တွင် လုပ်သားကို နေ့စားဖြင့် သီးသန့်ငှားရမ်းခြင်းနည်းပြီး မြေပဲနှုတ်၊ ဆွတ်ခအနေဖြင့် မြေပဲတောင့်တစ်တင်းလျှင် လေးပြည်နှုန်းဖြင့် နှုတ်သိမ်းလေ့ရှိပါသည်။

                ယခင်နှစ်မြေပဲစိုက်ပျိုးခြင်းအပေါ် တစ်ဧကကုန်ကျစရိတ်မှာ (၄၅၀၀၀၀) ကျော် ကုန်ကျပြီး တစ်ဧကအထွက်နှုန်း (၃၅) တင်းဝန်ကျင်ထွက်ရှိကာ ယခင်နှစ်ရောင်းဈေးမှာ အတောင့် တစ်တင်းလျှင် (၂၀၀၀၀) ကျပ်ရရှိခဲ့သဖြင့် တောင်သူအတွက်ထိုက်သင့်သည့် အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)