Main menu

ပြည်မြို့အရောင်းအဝယ်ဖြစ်သောငါးစီးဖောင်းဈေးကွက်

Powered by Drupal

   ငါးစီဖောင်းသည်ငါးပိုက်အတွင်းမှ အဖြူရောင်လေဖောင်းအလုံးလေး (၂)လုံးကို ခေါ်ခြင်း ဖြစ်ပါသည်။ ငါးစီဖောင်းကို အင်္ဂလိပ်လို Swim bladder (or) Air Bladder (or) Fish Maw ဟု ခေါ်ဆိုကြပါသည်။ ငါးစီဖောင်းသည် အရိုးမာငါးအုပ်စုတွေမှာ အများဆုံးပါရှိပြီး စီဖောင်း အရွယ် အစားနှင့် ငါးအမျိုးအစားအလိုက်တန်ဖိုးကြီးမြင့်ပါသည်။ ငါးစီဖောင်းမှန်သမျှ ဈေးကောင်း ရရှိပြီး ဆေးဘက်ဝင် ကြပါသည်။ ငါးစီဖောင်းပါရှိသောငါးများတွင် စီဖောင်းအရွယ်အစားများမှာ ရေချိုငါး တွင် ခန္တကိုယ်တည်၏ ၅%ပမာဏရှိပြီး ‌ရေငံငါးတွင် ၇% ရှိကြပါသည်။ ငါးစီ‌ဖောင်းစားခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများမှာ ရိုးတွင်းချဉ်ဆီဓာတ်ဖြည့်စည်းပေးခြင်း၊ သွေးအားနည်း ရောဂါ ကာကွယ် ပေးခြင်း၊ အဆုတ်သန့်စင်စေခြင်း၊ ကျောက်ကပ်ရောဂါအတွက် အထူးကောင်းမွန်ခြင်း၊ အသားအရေ လှပခြင်းနှင့် အရေးအကြောင်းများလျော့နည်းစေခြင်း၊ ကိုယ်လက်စထရော လုံးဝ မဝင်ခြင်း၊ အသားဓာတ် နှင့်အခြားသောဓာတ်များကြွယ်ဝစွာပါဝင်ပါသည်။

  ပင်လယ်ပိုင်းဒေသများတွင်အလှူအတန်းပြုလုပ်ပါက ငါးစီဖောင်းသုတ်ကို ကျွေးမွေးလေ့ ရှိပါသည်။ ငါးရောင်၊ ငါးထွေ အစရှိသော ငါးမျိုးစိတ်တွေမှာရရှိသော စီဖောင်းများကို သုတ်၍ စားပါကစီး ပိုင်ပိုင်ရှိပြီး ဝါးရာတွင် ထုတ်ထုတ်လေးနှင့် အရသာထူးလှ သောပင်လယ်စာ ဟင်း တစ်မျိုးဖြစ်ပါသည်။ ငါးစီဖောင်းကိုကြော်၍လည်းစားသုံးကြပါသည်။ တရုတ်လူမျိုးများမှာ ငါးစီဖောင်းကိုစွတ်ပြုတ်အနေဖြင့် စားသောက်ကြသလို ဟင်းသီးဟင်းရွက်များ နှင့်ရော၍ လည်း ချက်ပြုတ်စားသောက်ကြပါသည်။ ငါးစီဖောင်းကို ‌ရေဒဏ်တောင့်တင်းစွာခံနိုင်သော ကော်အဖြစ် လဲအသုံးပြုကြပါသည်။ တရုတ်လူမျိုးများ၏ အယူအဆအရတန်ဖိုးအထားအရဆုံး ရေထွက် အစားအစာ ဟင်းပွဲတစ်မျိုးဖြစ်ပြီး ၂၀၂၄ CICA SHANGHAI SUMMIT မှာလည်း ဧည့်ခံခဲ့သော အထူးဟင်းပွဲတစ်မျိုးဖြစ်ပါသည်။ ငါး‌ခြောက် ပြုလုပ်ရန် ငါးကိုခွဲသောအခါ ငါးစီဖောင်းကို သီးခြားစီဖယ်ထားပြီး နေလှန်း၍ ‌ခြောက်သွေ့အောင်ထားပါ က နှစ်ပေါက်အောင် သိမ်းစည်း စုဆောင်းထားပြီးနောက် ဈေးကောင်းကောင်းနှင့်လည်း ရောင်းချကြ ပါသည်။ ပြည်မြို့ရှိ ဈေးများမှထွက်ရှိသော ငါးစီဖောင်းများကို ငါးရောင်းချသူများစီမှာ ရသမျှဝယ်ယူကာ ဒိုင်များသို့ ပြန်လည်ရောင်းချပြီးတရုတ်ပြည်သို့ဆေးဖော်ရန်အတွက်ရောင်းချကြကြောင်းသိရှိရပါသည်။ ငါးဆီဖောင်းဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးနှုန်းကွာကြပါသည်။ အလုံးသေးလျှင် (၁၀) ကျပ်သားကို (၅၀၀၀)ကျပ် အလုံးကြီးလျှင်(၁၀)ကျပ်သားကို (၁၀၀၀၀)ကျပ်နှုန်းရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)