Main menu

ပြည်မြို့ရှိ နဂါးမောက်သီးဈေးကွက်

Powered by Drupal

   နဂါးမောက်သီးမှာ မြန်မာနိုင်ငံတွင်ပေါက်ရောက်သော သစ်သီးပင်တစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အလားအလာ ကောင်းသဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးပုံသဏ္ဌာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်းရောင်) မှာ ဆွဲဆောင်မှုရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးကြပါသည်။ ရာသီဥတု ရေငတ်ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ် ပြီး ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ နဂါးမောက်ပင်များသည် အမြင့် ပေ ၂၀ခန့် အထိသာ မြင့်တက်တတ်သည်။ ပူအိုက်ပြီး မိုးရေချိန်များသည့်ဒေသတွင် ရှင်သန်ဖြစ်ထွန်းသည်။ အပင်အမျိုးအစားမှာ တွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ဒဏ်ခံနိုင် သော ရှားစောင်းမျိုးနွယ်ဝင်အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံရှိ၍ ပင်စည်အနားတွင် ဆူးငယ် များပါရှိပါသည်။ မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားပြီး ပင်မပင်စည်မှ ထွက်လာသော ပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။ နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင်သမ်းသော အဝါရောင် ရှိသည်။ ပွင့်ချပ်သည် နို့နှစ်ရောင်ဖြစ်သည်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင်သမ်းသော ပန်းရောင် စသည့်ဖြင့်ရှိသည်။ အသီးလုံးပတ်လည်တွင် နဂါးအမောက် ကဲ့သို့ ကော့ပြန်နေသော အဖတ်များရှိသည်။ အတွင်းသား အရောင်အဖြူရောင်မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။ အစေ့မှာ အမည်းရောင်ဖြစ်သည်။ မျိုးရွေးချယ်ခြင်း မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး တို့ကွာခြားနိုင်သည်။ သို့ဖြစ်၍ ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားနိုင်သည်။ ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိရပါသည်။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်းအပင်မှ ပွားများ ရယူနိုင်ပါသည်။ ပြည်မြို့ရှိ နဂါးမောက်သီးဈေးကွက်မှာ အလုံး အချော အသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သိရပါသည်။ နဂါးမောက်သီး အလုံး အကြီး အသေး ပေါ်မူတည်ပြီး တစ်လုံးလျှင် ၂၅၀၀ကျပ် မှ ၃၅၀၀ကျပ်အထိရှိပြီး ပြည်မြို့အနီးတဝိုက် ကျေးရွာများနှင့် ရန်ကုန်မြို့မှ အဝင်ရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)