
ပြည်ဈေးကွက်အတွင်း မိုးရာသီဖြစ်သည့်အတွက် ဘူးသီးများ ပေါများလာပါသည်။ နွေရာသီတွင် ဘူးသီးတစ်လုံးလျှင် (၂၀၀၀-၃၀၀၀)ကျပ်နှုန်းအထိ ဝယ်ယူရကြောင်း သိရှိရပြီး ယခုမိုးတွင်းကာလဖြစ်သည့်အတွက် အသီးအနှံများ ပေါ်လာသည့်အတွက် ဘူးသီးတစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရပါသည်။
ယခုအချိန်တွင် ပြည်ဈေးကွက်အတွင်းသို့ဝင်ရောက်လာသော ဘူးသီးများမှာ ပြည်မြို့နီးတဝိုက် ကျေးရွာများဖြစ်သော မှော်ဇာရွာ၊ ပုတီးကုန်း၊ သဲကုန်းမြို့စသည့် မြို့များမှ ဝင်ရောက်ကြောင်း သိရပါ သည်။ ဘူးသီးများအား အဝယ်ဒိုင်များဖွင့်လှစ်ထားပြီး ကျေးရွာများမှ လာရောက် ရောင်းချသည်မှာ တစ်နေ့လျှင် ဘူးသီးအလုံးရေ (၅၀-၁၀၀)ခန့် ရောင်းချကြောင်းသိရပါသည်။
ဘူးသီးများကို ပြည်ဈေးကွက်မှတဆင့် နယ်စုံသို့တင်ပို့ရောင်းချကြပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ဈေး၊ ဒညင်းကုန်းဈေးများသို့ အလုံး(၅၀)ပါအိတ်ဖြင့် တစ်နေ့လျှင် အိတ်(၂၀)မှ အိတ်(၃၀) ခန့်အထိ ကားကြီးများဖြင့် တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)