Main menu

ဇူလိုင်လစတုတ္ထပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းလျှက်ရှိ

Powered by Drupal

          လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှ ( ၁၄ )ဆိုင်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ဇူလိုင်လစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၀၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၁၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၇၇၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၈၁၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဇွန်လစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၇၁၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၇၄၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၂၇၀)ကျပ် နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၆၀) ကျပ်ရှိခဲ့ပြီး ယခု ဇူလိုင် လစတုတ္ထပတ် နှင့် ယခင် ဇွန်လစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၆၄၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၆၁၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၉၅) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၅၄၅)ကျပ် ထိ ဈေးနှုန်း များကျဆင်းလာကြောင်း ၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရေနံဈေးကျဆင်းလာခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး စစ်ဆေးကြီးကြပ်ဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)