Main menu

ဒေသထုတ်ကုန် ပဲပန်း(ဓား) လုပ်ငန်းများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

          ပျော်ဘွယ်မြို့နယ် မင်းလမ်း(တောင်) ကျေးရွာတွင် တောင်သူလုပ်ငန်းများအပြင် မိသားစု အပို ဝင်ငွေရရှိစေရန် ပန်းပဲလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ သွင်းကုန်အစားထိုး ဒေသထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ကျေးရွာနေပြည်သူများလည်း အလုပ်အကိုင်အခွင့်လမ်းများစွာရရှိလာ ကြောင်း သိရပါသည်။ မင်းလမ်း(တောင်) ကျေးရွာတွင် ပန်းပဲလုပ်ငန်း လုပ်ကိုင်သူ(၁၂) ဦး ခန့်ရှိပြီး ဓားအမျိုးမျိုး နှင့်တောင်သူသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချကြကြောင်း၊ ပန်းပဲလုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်း(သံ၊ ဝါး၊ မီးသွေး၊ သံပိုက်) တို့ကို ရန်ကုန်၊ မန္တလေး၊ ပဲခူးမြို့ကြီးများမှဝယ်ယူရကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် အကြမ်းလုပ်သား(၇)ဦး၊ အချောကိုင် လုပ်သား (၅)ဦး စုစုပေါင်း(၁၂) ဦးဖြင့် ထုတ်လုပ်လျက်ရှိကြောင်း၊ ဓားမ(အသေး)(၈၀၀၀)ကျပ်၊ အလတ်(၁၂၀၀၀)ကျပ်၊ အကြီး(၁၅၀၀၀)ကျပ်၊ သစ်ဖျဉ်းဓားမ(၃၅၀၀၀)ကျပ်၊ ဓါးရှည်(၁၀၀၀၀)ကျပ်၊ ကိုင်းဓား(၁၂၀၀၀)ကျပ်၊ လက်ကိုင်ဓား - (၁၈၀၀၀)ကျပ်၊ အသားခုတ်ဓါး(၈၀၀၀)ကျပ်၊ ငှက်ကြီးတောင် ဓား(၃၅၀၀၀) ၃၅၀၀၀၀)ကျပ်၊ ဂျပန် ကင်ဒို(၃၀၀၀၀၀-၇၀၀၀၀၀)ကျပ် ဈေးဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ တစ်လလျှင် ဓားအမျိုး အစား (၃/၄ ) မျိုး ထုတ်လုပ်ကြပြီး ဓားအချောင်း ရေ (၁၅၀-၂၀၀) ထိ ထုတ်လုပ်နိုင်ကြောင်း ၊ယခု စိုက်ပျိုးရာသီချိန်တွင်ပို၍ အရောင်းသွတ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် နေပြည်တော်၊မန္တလေး၊တောင်ကြီး၊ တောင်ငူ၊ မြို့လှ၊ လားရှိုး ၊ထားဝယ်မြို့များထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ပန်းပဲ(ဓား)လုပ်ငန်းရှင်တစ်ဦီးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)