Main menu

ဆူးပုတ်ကြီးစိုက်ပျိုးခြင်းတောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

          မိတ္ထီလာမြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အနက် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီး၊ ဟင်းရွက်မျိုးစုံစိုက်ပျိုးကြရာမှ ဆူးပုတ်ကြီးကိုလည်း  တစ်ဘက်တလမ်းမှ မိသားစု အပိုငွေရရှိစေရန် ကျောက်ဖူး၊ တောမ၊ ရွှေစစ်သည် အုံတုန်ကျေးရွာများတွင် အိမ်ခြံဝန်းမြေလွတ် နေရာများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ  ယခုအခါ စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

           ဆူးပုတ်ကြီးကို မိုးရာသီ မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင် စိုက်မြောင်း များကို (၄) ပေ (၅) ပေခြား မြောင်းဆွဲရပြီး စိုက်မြောင်းပေါ်တွင် (၈)လက်မနှင့် အကျယ် (၄) လက်မခန့် ကျင်းတူးပြီး စိုက်ပျိုးကြကြောင်း၊ ပျိုးပင်၊ သွင်းအားစု၊ လုပ်သားခအပါအဝင်တစ်ဧကလျှင် စုစုပေါင်း (၆) သိန်းခန့် ကုန်ကြကြောင်း၊ ဆူးပုတ်ပျိုးပင်စိုက်ပြီး (၆) လခန့်တွင် ထိပ်ညွှန့်ဖြတ်ပေး ရကြောင်း၊ စိုက်ပျိုးပြီး(၁) နှစ်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ရာတွင် (၃) ရက်ခြား တစ်ကြိမ်ခူးရပြီး တစ်ကြိမ်ခူးလျှင် (၁၅) ပိဿာ (၂၀) ပိဿာထိရရှိကြောင်း၊ ဆူးပုတ်ကြီး ပင်သက်တမ်း မှာ (၈) နှစ်ခန့်ထိ ခူးဆွတ်နိုင်ကြောင်း၊ အပင်ပြုစုမှုပေါ်မူတည်၍ အထွက်နှုန်းကောင်းကြောင်း၊ ဈေးကွက်အနေဖြင့် ဆူးပုတ်ကြီးကို ကုန်စိမ်းပွဲစားများကခြံအရောက် လာရောက်ဝယ်ယူခြင်း၊ မိတ္ထီလာဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချကြကြောင်း၊ ဆူးပုတ်ရွက် ဈေးနှုန်းကောင်းပြီး တစ်နှစ်လျှင် (၈)လခန့် ခူးဆွတ်ရသဖြင့် ဆူးပုတ်ကြီးစိုက်ပျိုးသူများ အကျိုးအမြတ်ရပြီး တွက်ခြေကိုက်ကြောင်း ဆူးပုတ်စိုက်ပျိုးတောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)