
မုံရွာမြို့၊ သံလမ်းဈေးတွင် နွေရာသီ အစားအစာဖြစ်သော မန်ကျည်းရွက်နုများကို မုံရွာမြို့ အနီးတဝိုက် ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရှိရပါသည်။ သဘာဝကပေးသော နွေရာသီအစားအစာ မန်ကျည်းရွက်နုများကို လူအများက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြပြီး မန်ကျည်းရွက်များကို ကြော်၍တစ်မျိုး၊ ချက်၍တစ်ဖုံ၊ အရွက်စိမ်းနုလေးများကို သုပ်၍လည်း စားသုံးကြပါသည်။ အရွက်လည်းစားရသလို မန်ကျည်း အသီးအစိမ်း၊ အမှည့်လည်း စားသုံးရပြီး မိသားစု အပိုဝင်ငွေများလည်းရရှိပါသည်။ အိမ်တွင်စိုက်ပျိုးထားလျှင် အရိပ်ကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသင့်ပါသည်။ မုံရွာမြို့၊ သံလမ်းဈေးတွင် ရောင်းချသော မန်ကျည်းရွက်နုဈေးများမှာ တစ်ဆယ်ကျပ်သားလျှင် (၄၀၀)ကျပ်၊ တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)