Main menu

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလျှက်ရှိ

Powered by Drupal

                လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မှုံပြာ၊ လင်ဖုံ လေးကျေးရွာများမှ အများဆုံး စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းသဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသဘက်မှလည်း ဝင်ရောက်လျက်ရှိကြောင်း၊ ယခု ဇူလိုင်လ စတုတ္ထပတ် တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇွန်လ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် (၁၂၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် ဇွန်လ စတုတ္ထပတ် နှင့် ယခု ဇူလိုင်လ စတုတ္ထပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၇၀၀) ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်းရှမ်းပြည်နယ် အင်းလေးဘက်မှ  ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။

DOCA(ကယား)