Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော တီလားဗီးယားငါး ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့်တီလားဗီးယားငါး(အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်၊တီလားဗီးယားငါး(အကြီး)လက်လီဈေး(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် တီလားဗီးယားငါးအသေး လက္ကား(၁) ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၆၀၀၀)ကျပ်နှင့် (၁) (၂၅)ကျပ် သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

Doca(စစ်ကိုင်း)