Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက် မွေးဝမ်းကျောင်းပြုပြီး မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင်များ ဖွင့်လှစ်ရောင်းချသလို မြို့တွင်း ရပ်ကွက်ဈေး များအတွင်းမှာလည်း ရောင်းချလျက်ရှိပါသည်။ ထိုသို့ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့ နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် လက္ကား တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ပေါက်ပေါက်ဆုတ် လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင် (၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကျွန်းလှ မြို့ ကုန်မျိုးစုံရောင်းချနေသာ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များထံမှ သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)