
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ် တွင်(၂၉၂၀၈)ဧက စိုက်ပျိုးခဲ့ပြီး နွေနှမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရှိရပါသည်။ နွေနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ (၁)ပြည် လျှင်(၈၀၀၀/-) ကျပ်စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ နွေနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မြစ်သား မြို့နယ်တွင် နွေနှမ်းများရိတ်သိမ်းလျှက်ရှိပြီး အထွက်နှုန်းအနေဖြင့်(၉-၁၀)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၃၅၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၇၀၀၀/-) ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး၊ ယခုအချိန်တွင် နှမ်းဖြူတစ်တင်းလျှင်(၁၂၈၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၀၂၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်း လျှင်(၉၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပွဲရုံများမှ တစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၇၅၂၀၀၀/-)ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)