
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးပြီး ဆန်စပါးကို အဓိကထားစိုက်ပျိုးသော ဒေသဖြစ် ပါသည်။ ယခုအခါ မိုးစပါးစိုက်ပျိုးရန်အတွက် စပါးမျိုးများကို မေလပိုင်းအကုန်နှင့် ဇွန်လဆန်း ပိုင်းတွင် စတင်ပျိုးထောင်လျက်ရှိပါသည်။ အဓိကထား စိုက်ပျိုးသော မိုးစပါးမျိုးမှာ ဧရာပဒေသာ စပါးမျိုးဖြစ်ကြောင်း၊ မျိုးစပါးဈေးနှုန်းအနေဖြင့် စပါးတစ်တင်းလျှင်(၃၅၀၀၀/-)ကျပ်ခန့် ပေါက်ဈေးရှိကြောင်း၊ တစ်ဧက စိုက်ပျိုးရန်အတွက် စပါးမျိုး(၂-၂.၅)တင်းခန့် ပျိုးထောင်ရကြောင်း၊ ပျိုးထောင်ပြီး ပျိုးသက်(၄၅)ရက်ကြာလျှင် စိုက်ပျိုးမည့်လယ်အတွင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရန် ပျိုးထောင်ထားသော စပါးမျိုး(ပျိုး)များ ဖြစ်ထွန်းလျက်ရှိကြောင်း စပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)