Main menu

မိုးဦးကျနှင့် ထားဝယ်၊ ရန်တောင်ဒေသထွက် ဒူးရင်း စျေးနှုန်း/စျေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ ရန်တောင်ရွာဒေသရှိ ဥယျာဥ်ခြံများမှ ထွက်ရှိသည့် ဒူးရင်းသီးများမှာ အသားထူ၍ အရသာမှာ အနည်းငယ်ခါးသပ်သပ်အရသာပါရှိပြီး အရသာကောင်းမွန်လှပါသည်။

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ ရန်တောင်ရွာမှာ မြိတ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် တည်ရှိသဖြင့် ဒေသခံများသည် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင် ဒေသထွက် ဒူးရင်းသီးများကို ရောင်းချခြင်း၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချခြင်း၊ ကား၊ သုံးဘီးများဖြင့် လည်းကောင်း၊ ဆိုင်ကယ်များ၏နောက်တွင် ဝါးခြင်းများဖြင့်လည်းကောင်း သယ်ယူကာ ထားဝယ်မြို့ပေါ်ရှိ စည်ပင် သာယာစျေးကြီးအ‌ရှေ့၊ ကမ်းနားလမ်းနှင့် ညနေစျေးများတွင် ရောင်းချခြင်းဖြင့် ဝင်ငွေများရရှိလျက်ရှိပါသည်။ ဇွန်လပထမအပတ်မှ စတင်၍ တနင်္သာရီတိုင်းဒေသသကြီးတွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ ဒူးရင်းသီးမှာ အသီးတွင်း ရေဝင်တက်သည့် သဘောသဘာဝရှိသဖြင့် ဒူးရင်းသီးစျေးနှုန်းများမှ ကျ ဆင်းလျက်ရှိရာ ဒေသထွက် ဒူးရင်းသီးများမှာ အလုံးဆိုဒ်အပေါ်မူတည်၍ တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အထိစျေးနှုန်း အသီးသီးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ထားဝယ်မြို့ပေါ်သို့ လာရောက်ရောင်းချသည့် ဒူးရင်းသီးသည်များနှင့် ဝယ်ယူသုံးစွဲသည့် စားသုံးသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)