
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ ရောင်းမော်ကျေးရွာရှိ ဒေသခံအများစု၏ အိမ်ခြံမြေများနှင့် ဥယျာဥ်ခြံများတွင် နာနတ်ပင်များအား စိုက်ပျိုးထားရှိကြပြီး အဆိုပါရောင်းမော်ဒေသမှ ထွက်ရှိသည့် နာနတ်သီးများမှာ ထားဝယ်ဒေသတွင် အလွန်အရသာချို၍ ကောင်းမွန်သောကြောင့် ရောင်းမော်ရွာအား နာနတ်သီးရွာဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။ ရောင်းမော်ရွာမှ ထွက်ရှိသည့် နာနတ်သီးများအား အနီးနားရှိ မြိတ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်တည်ရှိသည့် ရှင်မုတ္တီးရွာ စျေးဆိုင်တန်းများတွင် ရောင်းချသကဲ့သို့ ထားဝယ်မြို့ပေါ်ရှိ စျေးများနှင့် ကမ်းနားလမ်းများတွင်လည်းရောင်းချလျက်ရှိပြီး နာနတ်သီးစျေးနှုန်းများမှာ ယခုဇွန်လအတွင်း အသီးဆိုဒ်ပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရှိကြောင်း ဒေသခံနာနာတ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)