Main menu

မိုးဦးကာလ ထားဝယ်မြို့ ကန်စွန်းရွက်စျေးနှုန်း

Powered by Drupal

    ကန်စွန်းရွက်သည် လူအများစားသုံးကြပြီး အဆိပ်အတောက်များကိုပြေပျောက်နိုင်စွမ်းရှိသော ဆေးဖက်ဝင်အပင်တစ်မျိုး လည်းဖြစ်ပါသည်။ ကန်စွန်းရွက်ပင်သည် ရေကြိုက်ပြီး ရေရရှိသော ကန်၊ ချောင်းများတွင် သဘာဝအလျှာက် ပေါက်ရောက်ကြပြီး စိုက်ပျိုးပင်များလည်းရှိပါသည်။ ယခု မိုးဦးကျကာလများတွင်  ကန်စွန်းရွက်များသည်  ကောင်းစွာဖြစ်ထွန်း ပေါက်ရောက်လာကြပြီး   အလေ့ကျပေါက်

     အပင်များနှင့် စိုက်ပျိုးပင်များအား ဆွတ်ခူးရောင်းချလျက်ရှိရာ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ည‌စျေးတန်းတွင် ကန်စွန်းရွက် တစ်စည်းလျှင် ၁၅၀/၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)