Main menu

ပဲစားသုံးမှု မြင့်တက်လျက်ရှိ

Powered by Drupal

          မြန်မာလူမျိုးတို့သည် ထမင်းနှင့်ဟင်းကို အဓိကအစားအစာအဖြစ် စားသုံးကြသည်။ လူတို့ အသက်ရှင်သန်နေထိုင်ရန်အတွက် ကျန်းမာရေးသည် အဓိကရေးကြီးသည်။ ကျန်းမာစွာအသက်ရှင် နေထိုင်ရန်အတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးကျမ်းမာဖို့လိုအပ်ပါသည်။ ခန္ဓာကိုယ်တွင်မရှိမဖြစ်လိုအပ်သော ဗီတာမင်(၁၃)မျိုး ရှိသည်။ ခန္ဓာကိုယ်အတွက်လိုအပ်သော အသားဓာတ်၊ ကစီဓာတ် ၊ ဗီတာမင်ဓာတ် စသည်ဖြင့် ဓာတ်ပေါင်း များစွာပါဝင်သော ဆန်ထမင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ပဲမျိုးစုံတို့ကို သင့်တင့်မျှတစွာ စားသုံးပေးရန်လိုအပ်ပါသည်။ အသားငါးဈေးနှုန်းများ မြင့်တက်နေချိန်တွင် အဟာရဓာတ်ကြွယ်ဝသော ပဲမျိုးစုံကိုဝယ်ယူစားသုံးမှု ပိုမိုများပြားလာကြောင်း လေ့လာသိရှိရသည်။ မြန်မာနိုင်ငံတွင် ပဲအမျိုးမျိုးစိုက်ပျိုးစားသုံးလျက်ရှိကြရာ စားသုံးမှုအများဆုံးမှာ ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲပုတ်၊ စားတော်ပဲ၊ မတ်ပဲနှင့်ပဲတီစိမ်းတို့ဖြစ်ကြသည်။ ကုလားပဲတွင် ကစီဓာတ်နှင့်အသားဓာတ်တို့ အဓိကပါဝင်ပြီး ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေလိုအပ်သလို သွားလာလှုပ်ရှားမှုနှင့်အသက်ရှင်သန်နေထိုင်မှုတို့အတွက် အင်အားများဆုံးပေးသောကြောင့် စားသုံးသင့်ပါသည်။ အသားဓာတ်လုံလောက်စွာ မရရှိပါက အားအင်ကုန်ခန်းပြီး ကိုယ်စိတ်နှလုံး ပင်ပန်းကာ ရောဂါရလွယ်သည်။ ထို့ကြောင့်အသားဓာတ်များစွာပါဝင်သော ကုလားပဲကိုစားသုံးသင့် ပါသည်။ ပဲစဉ်းငုံသည် ပိုတက်စီယမ် သတ္ထုဓာတ်အများဆုံး ပါဝင်သောကြောင့် သွေးဖိအားကိုလျော့ ချပေးနိုင်သည်။ သွေးတို့ရောဂါရှိသူများ နေ့စဉ်စားသုံးပေးသင့်ပါသည်။ ပဲပုတ်တွင် သံဓာတ်ပါဝင်သည့်အပြင် အမဲသား၊ ကြက်ဥနှင့်နွားတွင်ပါဝင်သော ပရိုတင်းဓာတ် ပါဝင်မှုထက် ပိုများသည်။ အဝလွန်သူများနှင့် ဆီးလွန်ရောဂါ ရှိသူများအတွက်ကောင်းကျိုးပြုပါသည်။ မျက်စိအားကောင်းစေခြင်း အရွယ်တင်နုပျိုစေခြင်း ဦးနှောက်နှင့် အာရုံကြောများကို အားကောင်းစေခြင်း အရိုးနှင့် သွားများကိုခိုင်မာစေခြင်းတို့ကြောင့်လည်း မဖြစ်မနေ စားသုံးပေးသင့်ပါသည်။ စားတော်ပဲပြုတ်တွင် ဗီတာမင်နှင့်သတ္ထုဓာတ်အလုံအလောက်ပါရှိပြီး ဘေးဖြစ်စေတတ်သော ကိုလတ်ထရော လုံးဝမပါ ရှိသောကြောင့် နေ့စဉ်စားသုံးပေးသင့်ပါသည်။ ပဲပြုပ်တွင် အမျှင်ဓာတ် များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါသည်။ ကလေးသူငယ်များ၏ ဦးနှောက်နှင့်အာရုံကြောကို သန်မာစေပြီး အမျိုးသမီးများသွေးဆုံးကိုင်ခြင်းကို မဖြစ်စေပါ။ မတ်ပဲတွင် ဗီတာမင်၊ ပရိုတင်း သတ္ထုဓာတ် တို့မြောက်များစွာ ပါဝင်သောကြောင့် လူသားတို့ကျန်းမာရေးအတွက် အရေးပါသောပဲတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းကိုလည်း အများဆုံးစိုက်ပျိုးကြသည်။ ပြည်တွင်းစားသုံးမှုအတွက် အားထားရသော သီးနှံဖြစ်သလို ပြည်ပပို့ကုန်အဖြစ်လည်း အားထားရသော သီးနှံဖြစ်သည်။ ပဲတီစိမ်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ် စဉ်ကို တိုးတက်စေသည်။ သွေးကြောငယ်များအတွင်း ကိုလတ်စထရော အနည်ကျပိတ်ဆို့ခြင်းကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါဖြစ်ခြင်းမှု ကာကွယ်ပေးနိုင်ပါသည်။ အမြင်အာရုံကောင်းမွန်စေပြီး အသည်းကိုကျမ်းမာ စေပါသည်။ ပဲတီစိမ်းကို ပဲတီပင်ဖောက်၍လည်း စားသုံးကြပါသည်။ ပဲမျိုးသည် အဟာရဓာတ်များစွာပါဝင်ပြီး ကျမ်းမာရေးအတွက် မဖြစ်မနေစားသုံးပေးသင့်ကြောင်း လေ့လာသိရှိရပါသည်။ ဈေးကွက်အတွင်း အလွယ်တကူ ဈေးပေါပေါဖြင့် ဝယ်ယူစားသုံးနိုင်ပါသည်။ ဈေးဆိုင်များတွင် အသားငါးထက် ပဲစားသုံးမှု မြင့်တက်လျက်ရှိသောကြောင့် ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)