
မိုးရာသီအချိန်တွင်သာ ရရှိလာသည့် တညင်းသီးဖြစ်ပါသည်။ တညင်းသီးအား အတို့အမြုပ်အဖြစ်လည်းကောင်း၊ ဆားရည်စိမ်ပြီးလည်းကောင်း စားသောက်လေ့ရှိပါသည်။ တညင်းသီးပင်များအား ထားဝယ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပါသည်။
ယခုရာသီအချိန်တွင် ထားဝယ်မြို့နယ်အတွင်း ဝင်ရောက်လာသည့် တညင်းသီးများမှာ ကလိန်အောင်၊ရေဖြူဘက်မှဖြစ်ပြီး တညင်းသီးအကြီး (၁၀)လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံး သေး (၁၀)လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)