Main menu

ပြည်ခရိုင်၏ဘိလပ်မြေနှင့်ဓာတ်မြေသြဇာဈေးကွက်

Powered by Drupal

  ပြည်ခရိုင်တွင် ၂၀၂၅ခုနှစ် ဇွန်လဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ပစ္စည်းအနည်းငယ်သာ ရှိသော်လည်း ဈေးကွက်အတွင်းတွင် အဓိက အရောင်းအဝယ်ဖြစ်ပြီး သုံးစွဲမှုများသော ကြံ့နီ တံဆိပ်မှာ ယခုဇွန်လဒုတိယပတ်တွင် ကြံ့နီတစ်အိတ်လျှင် ၂၅၀၀၀- ၂၆၀၀၀ကျပ်၊ အပါချီ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိနေသော်လည်း အပါချီအမျိုးအစားမှာ ပစ္စည်းအနည်းငယ်သာရှိပါသည်။ ယခင်ဇွန်လ ပထမပတ်တွင် ကြံ့နီတစ်အိတ် (၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိသည့်အတွက် ဈေးငြိမ် နေခဲ့ပါသည်။

   ဇွန်လတတိယပတ်တွင် ယူရီးယားဓာတ်မြေသြဇာဈေးမှာတစ်အိတ်လျှင် (၁၀၀၀၀)ကျပ်၊ တီစူပါ သံကွင်းမှာ (၁၃၀၀၀၀ - ၁၄၀၀၀၀)ကျပ်၊ ပိုစား အာမို တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ကွန်ပေါင်း (၀၅) ပတ်လည် (၁၃၅၀၀၀) ၊ ကလိုင်ကိုဇစ် (4 Liter) တစ်ပုဒ်လျှင် (၇၄၅၀၀)ကျပ်၊ ရှောင်လင် (၅၀၀ CC) တစ် ပုလင်းလျှင် (၂၁၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။

DOCA(ပဲခူး)