Main menu

ကျောက်ပန်းတောင်းမြို့ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ “လူတော်”ဆေးအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ စံမညီဆေးဝါးများ မြန်မာနိုင်ငံဆေးဝါး ထောက်ခံချက် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဆေးဝါးများအား သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ထားသိုသိမ်းဆည်းမှုမှန်ကန် စေရေး၊ ဆရာဝန်ညွှန်ကြားချက်မလို‌သော ဆေးဝါးများအား သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းချမှုရှိစေရေး၊ အခန်းအပူချိန်နှင့် တပြေးညီထုတ် ပြန်စေရေး၊ ဆေးဝါးများကို ခွဲခြမ်းထုပ်ပိုးရောင်းချမည်ဆိုပါက သက်ဆိုင်ရာဌာနများ၏ သတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချမှုရှိစေရေး စသည်တို့ကို စစ်ဆေးခဲ့ကြပြီး စားသုံးသူကာ ကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ် ငန်းရှင်များက ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသား တင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာနှင့် တွဲဖက်ဖော်ပြရမည်ဖြစ်သလို ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှုအချိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့် သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ဖော်ပြရမည်ဖြစ်သလို ဖြန့်ဖြူး ရောင်းချသူများသည်လည်း အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီသောဆေးဝါးများ ဖြည့်စွက်စာများကိုသာ ဆက်လက်ရောင်းချစေလိုကြောင်း၊ သက်တမ်းလွန်ဆေးဝါးများကိုလည်း စနစ်တကျ စွန့်ပစ်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဖြန့်ဖြူး ရောင်းချကြရန် အသိပညာပေးခဲ့ကြပြီး နံနက်( ၁၁:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးမှု ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)