Main menu

ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်ဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း()ဦးသည် (၂၃..၂၀၂၂)ရက်နေ့တွင် မုံရွာခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အသင်းဝင် () ဦးက ဦးဆောင်၍ မုံရွာမြို့ပေါ်ရှိ ဆူးလေကုန်းရပ်ကွက်၊ လယ်တီရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်နှင့် ညောင်တပင်ဈေးတို့တွင် စားအုန်းဆီရည်ညွှန်းဈေးဖြင့် ဝယ်ယူ၍ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး လက်လီဆိုင်များ ဖွင့်လှစ်၍ စားအုန်းဆီ ၁ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်ရေး ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေပြီး လူတစ်ဦးလျှင် ()ပိဿာနှုန်းဖြင့် (၂၂..၂၀၂၂)ရက်နေ့မှ (၂၃..၂၀၂၂)ရက်နေ့အထိ ဆီပေပါ(၄၀)လုံး၊ ပိဿာ(၄၄၀၀)အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)