Main menu

စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စားသုံးသူပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒု- ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့မှ စားအုန်းဆီ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့အတွက် မုံရွာမြို့ရှိ ဦးတင်ဝင်း စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါစားအုန်းဆီသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မှာယူ တင်သွင်းခဲ့သော စားအုန်းဆီများဖြစ်ပြီး တစ်အိမ်ထောင်လျှင်(၂)ပိဿာနှုန်း၊ တစ်ပိဿာလျှင် ဈေးနှုန်း(၆၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)