Main menu

သာကေတ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ  တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်း စားအုန်းဆီရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိရာ (၁၆.၆.၂၀၂၅) ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင်  စားအုန်းဆီအရောင်းဆိုင်များအားသွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင်  တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကား ဈေးနှုန်းများ ရေးသားထားသည့် ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တစ်ဆင့်ပြန်လည် ခွဲဝေပေးမှု အခြေအနေ၊ ပြည်သူများထံ အပြည့်အဝ ရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချနေသော စားအုန်းဆီ အမျိုးမျိုးတို့ တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)